တချို့အတွဲတွေ စနောက်ကျတာရှိပါတယ်။ ကယ်လိုရီသွားလျှော့ရအောင်တို့ အိပ်ရာထဲ လေ့ကျင့်ခန်းသွားလုပ်ကြမယ်တို့ပါ။ ပြောချင်တာက လိင်ဆက်ဆံရင် ဝိတ်ကျမယ်ပေါ့။ တကယ်လည်း လိင်ဆက်ဆံတဲ့အခါ ခွန်အားသုံးရတော့ ကယ်လိုရီလောင်တော့ လောင်ကျွမ်းပါတယ်။ ဒါပေမဲ့ ဝိတ်ကျသွားရလောက်အောင်တော့မဟုတ်ပါဘူးနော်
လိင်ဆက်ဆံတာနဲ့ ကယ်လိုရီလောင်ကျွမ်းတာအကြား ဆက်စပ်မှုအားဖြင့်က ၂၄မိနစ်ကြာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေက ၁၀၁ ကယ်လိုရီ (တစ်မိနစ်ကို ၄.၂ ကယ်လိုရီနှုန်း)နဲ့ အမျိုးသမီးတွေက ၆၉ ကယ်လိုရီ (တစ်မိနစ်ကို ၃.၁ ကယ်လိုရီနှုန်း) လောင်ကျွမ်းတာကို တွေ့ရပါတယ်။
ဒီလူတွေကိုပဲ ပြေးစက်ပေါ်မှာ အသင့်အတင့်ပြင်းအားနဲ့ နာရီဝက်လောက် ပြေးခိုင်းတဲ့အခါမှာတော့ အမျိုးသားတွေက ၂၇၆ ကယ်လိုရီလောင်ကျွမ်းပြီး အမျိုးသမီးတွေက ၂၁၃ ကယ်လိုရီ လောင်ကျွမ်းပါတယ်။
ဆိုလိုတာက လိင်ဆက်ဆံရင် ကယ်လိုရီလောင်ကျွမ်းတာ မှန်ပေမယ့် လေ့ကျင့်ခန်း လုပ်သလောက်တော့ မများဘူးဆိုတာပါပဲ။
လိင်ဆက်ဆံတဲ့အခါ ကယ်လိုရီ ပိုမိုလောင်ကျွမ်းစေဖို့
ပုံမှန်ဆက်ဆံတာထက် ကယ်လိုရီပိုလောင်ချင်တယ်ဆိုရင်တော့
- ကြာကြာ ဆက်ဆံပါ။
ဒါကတော့ ရှင်းပါတယ်။ များများလောင်ကျွမ်းချင်ရင် ကြာကြာဆက်ဆံရမှာပါ။ ဒါပေမဲ့ သတိထားရမှာက ကိုယ်နဲ့ ကိုယ့်အဖော် ခံနိုင်ရည်ရှိတာထက် မကျော်လွန်ဖို့ပဲ ဖြစ်ပါတယ်။
- ဆက်ဆံတဲ့ အနေအထားတွေ ပြောင်းကြည့်ပါ။
ခန္ဓာကိုယ်ကို ပိုပြီး အားစိုက်ရစေတဲ့ ပုံစံတွေ ပြောင်းကြည့်ပါ။ ကယ်လိုရီလောင်ကျွမ်းမှုက ကျား/မ၊ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ကိုယ့်ရဲ့ metabolism ပေါ် မူတည်တယ်ဆိုပေမယ့် အားပိုစိုက်ရရင် ကယ်လိုရီလည်း ပိုလောင်ကျွမ်းနိုင်ပါတယ်။
ဥပမာ missionary position နဲ့ နေတဲ့အခါ အမျိုးသားက ပေါင် ၁၉၀၊ အမျိုးသမီးက ပေါင် ၁၄၀ ဖြစ်မယ်ဆိုရင် ၁၀မိနစ် အတွင်းမှာ အမျိုးသမီးက ၁၄ ကယ်လိုရီပဲ လောင်ပေမယ့် အမျိုးသားကတော့ ၄၇ ကယ်လိုရီ လောင်ကျွမ်းမှာ ဖြစ်ပါတယ်။ ဆိုလိုတာက အနေအထားတစ်ခုတည်းမှာတောင် အားပိုစိုက်ရတဲ့သူက ကယ်လိုရီ ပိုလောင်ပါတယ်။
မတ်တပ်ရပ်ပြီး ဆက်ဆံတယ်ဆိုရင်လည်း ၁၀မိနစ်ကို အမျိုးသမီးက ၃၀ ကယ်လိုရီလောင်တဲ့အချိန်မှာ အမျိုးသားက ၅၁ ကယ်လိုရီ လောင်ကျွမ်းပြီးပါပြီ။
ချီပြီး ဆက်ဆံတယ်ဆိုရင်လည်း အလေးမတာနဲ့ အလားတူလို့ ၁၀မိနစ်ကို အမျိုးသားက ၆၅ ကယ်လိုရီ၊ အမျိုးသမီးက ၄၀ ကယ်လိုရီ လောင်ကျွမ်းမှာ ဖြစ်ပါတယ်။
ဒါဆိုလိင်ဆက်ဆံရင် ဝိတ်ကျ သလား
ဒီအဖြေအတွက် ရှင်းပြရရင် လိင်ဆက်ဆံတာက ကယ်လိုရီလောင်ပါတယ်။ ဒါပေမဲ့ သိသိသာသာ ဝိတ်ကျရလောက်အောင်တော့ မဟုတ်ပါဘူး။ နေ့စဉ် ကယ်လိုရီလောင်ကျွမ်းဖို့ အထောက်အကူ တစ်ခုလောက်ပဲ ဖြစ်ပါတယ်။
တကယ်ပဲ ဝိတ်ကျချင်ရင်တော့ လေ့ကျင်ခန်း သေချာလုပ်ပြီး အစားအသောက်ကို တွက်ချက် စားသောက်ရမှာပါ။ လိင်ဆက်ဆံတာက ကယ်လိုရီလောင်စေပေမယ့် ဒါက လေ့ကျင့်ခန်း လုပ်တာကို အစားထိုးဖို့တော့ မဟုတ်ပါဘူး။
Credit-
