လိင်ဆက်ဆံရင် ဝိတ်ကျ သလား
တချို့အတွဲတွေ စနောက်ကျတာရှိပါတယ်။ ကယ်လိုရီသွားလျှော့ရအောင်တို့ အိပ်ရာထဲ လေ့ကျင့်ခန်းသွားလုပ်ကြမယ်တို့ပါ။ ပြောချင်တာက လိင်ဆက်ဆံရင် ဝိတ်ကျမယ်ပေါ့။ တကယ်လည်း လိင်ဆက်ဆံတဲ့အခါ ခွန်အားသုံးရတော့ ကယ်လိုရီလောင်တော့ လောင်ကျွမ်းပါတယ်။ ဒါပေမဲ့ ဝိတ်ကျသွားရလောက်အောင်တော့မဟုတ်ပါဘူးနော် လိင်ဆက်ဆံတာနဲ့ ကယ်လိုရီလောင်ကျွမ်းတာအကြား ဆက်စပ်မှုအားဖြင့်က ၂၄မိနစ်ကြာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေက ၁၀၁ ကယ်လိုရီ (တစ်မိနစ်ကို ၄.၂ ကယ်လိုရီနှုန်း)နဲ့ အမျိုးသမီးတွေက ၆၉ ကယ်လိုရီ (တစ်မိနစ်ကို ၃.၁ ကယ်လိုရီနှုန်း) လောင်ကျွမ်းတာကို တွေ့ရပါတယ်။ ဒီလူတွေကိုပဲ ပြေးစက်ပေါ်မှာ အသင့်အတင့်ပြင်းအားနဲ့ နာရီဝက်လောက် ပြေးခိုင်းတဲ့အခါမှာတော့ အမျိုးသားတွေက ၂၇၆ ကယ်လိုရီလောင်ကျွမ်းပြီး အမျိုးသမီးတွေက ၂၁၃ ကယ်လိုရီ လောင်ကျွမ်းပါတယ်။ ဆိုလိုတာက လိင်ဆက်ဆံရင် ကယ်လိုရီလောင်ကျွမ်းတာ မှန်ပေမယ့် လေ့ကျင့်ခန်း လုပ်သလောက်တော့ မများဘူးဆိုတာပါပဲ။ လိင်ဆက်ဆံတဲ့အခါ ကယ်လိုရီ ပိုမိုလောင်ကျွမ်းစေဖို့ …