ကိုယ်ဇနီး/ ခင်ပွန်းနဲ့ အတူမဆက်ဆံဖြစ်တဲ့အခြေအနေက အိမ်ထောင်ရေးမှာ တဖြည်းဖြည်းဆိုးလာတတ်တယ်နော်။ ဒါကြောင့် ကိုယ့်ရဲ့အိမ်ထောင်ရေးကို တဖြည်းဖြည်းနဲ့ ပျက်ဆီးလာစေနိုင်တဲ့ ဒီလိုအချက်တွေကို သတိထားပြီး ရှောင်ကြဉ်ဖို့လိုပါတယ်။
လိင်ဆက်ဆံဖို့ရှောင်ရှားခြင်း
လက်ပွန်းတတီးနေတယ်ဆိုတာ အိမ်ထောင်ရေးတစ်ခုမှာ အရေးပါသည့်အရာတစ်ခုပါ။ တကယ်လို့ ကိုယ်က ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူနေဖို့ရှောင်ရှားနေမယ်၊ လိင်ဆက်ဆံရေးရဲ့ အရေးပါမှုကို ဥပက္ခာပြုနေတယ်ဆိုရင် အဲ့ဒီအိမ်ထောင်ရေးကလည်း တဖြည်းဖြည်းနဲ့ အန္တရာယ်ရှိလာနိုင်ပါတယ်။အပြောအဆိုကျဲလာခြင်း
စကားအပြောအဆိုမတတ်ရင် လင်မယားတွေ ရန်ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် လုံးဝစကားမပြောခြင်းကတော့ ပိုပြီးတော့အန္တရာယ်ရှိတဲ့ ပြဿနာပါ။ လင်မယားနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်စကားပြောခြင်း၊ တစ်ယောက်ပြောတာတစ်ယောက်နားထောင်ပေးခြင်းဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် ပိုပြီးကိုယ်ချင်းစာပေးနိုင်မယ်၊ ဂရုဏာသက်ပေးနိုင်ပါလိမ့်မယ်။အသေးအဖွဲကိစ္စရပ်များပေါ်တွင် တဖျစ်တောက်တောက်ပြောခြင်း
ကိုယ့်ရဲ့ စိတ်အလိုမကျမှုတွေ၊ မကျေနပ်ခြင်းတွေနဲ့ ပတ်သက်ပြီး တောက်လျှောက်ပြောဆိုနေတာ၊ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေ အပေါ်မှာတောင် ပွစိပွစိပြောနေမယ်ဆိုရင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကိုလဲ စိတ်ရှုပ်စေပါတယ်။အရေးပါသောဆုံးဖြတ်ချက်များအပေါ်တွင်အမြင်မတူခြင်း
အရာရာတိုင်းကို ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့မရပါဘူး။ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ သေသေချာချာဆွေးနွေးပြီးတော့မှ အရေးပါတဲ့ ဆုံးဖြတ်ချက်ကိုချပါ။တတိယလူ ကြားဝင်လာခြင်း
တကယ်တော့ ကိုယ်နဲ့ကိုယ့်အိမ်ထောင်ဖက်ကသာ အရေးအကြီးဆုံးပါ။ ကိုယ့်သူငယ်ချင်းနဲ့ ဘယ်လောက်ခင်ခင်၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေကို ဘယ်လောက်ချစ်ချစ်၊ နောက်ဆုံးပြောရလျှင် ကိုယ့်ကလေးကိုပဲ ဘယ်လောက်ချစ်ချစ် နေရာတိုင်းကို အကန့်ခွဲထားပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကြောင့်နဲ့မှ ကိုယ့်အိမ်ထောင်ရေးကို အထိခိုက်မခံပါနဲ့။