Green tea လက်ဖက်ရည်ကြမ်း ဟာစိတ်ဖိစီးမှုတွေကို လျှော့ချပေးခြင်း၊ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း၊ အသားအရေကို စိုပြည်တောက်ပစေခြင်း၊ ခုခံအားကို မြှင့်တင်ပေးနိုင်ခြင်းတို့အပြင် ဆီးချိုဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ Green Tea သောက်ခြင်းဟာ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိခြင်း၊ ကိုလက်စထရောကို လျှော့ချပေးခြင်း၊ ဆီးချိုကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
Green tea အမျိုးအစား လက်ဖက်ရည်ကြမ်းဟာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ဆီးချိုရှိနေပြီဆိုရင်လည်း ရောဂါကို ထိန်းချုပ်ထားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်
လက်ဖက်ရည်ကြမ်းဟာ အင်ဆူလင်ကို မတုံ့ပြန်တဲ့ ဆဲလ်တွေ ပြန်လည်အလုပ်လုပ်လာအောင်၊ အင်ဆူလင်ကို တုံ့ပြန်လာအောင် ပြုလုပ်ပေးတဲ့အတွက် သွေးတွင်းသကြားဓာတ်ပမာဏကို ကျဆင်းလာစေပါတယ်။ ဒါ့အပြင် Green tea မှာပါဝင်တဲ့ polyphenols ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးဖြစ်ပြီး သွေးလွှတ်ကြောတွေကို ကျယ်စေတဲ့အတွက် သွေးပေါင်ချိန်တက် ခြင်းကို သက်သာစေပြီး သွေးခဲတာကို ကာကွယ်ပေးတဲ့အပြင် သွေးတွင်းကိုလက်စထရောဓာတ်ကိုလည်း လျှော့ချပေးပါတယ်။
ဒါတွေအားလုံးက နှလုံးနဲ့ သွေးကြောတွေကို ပိုမိုကျန်းမာကောင်းမွန်စေဖို့ချည်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရှိတဲ့သူတွေအနေနဲ့ ရိုးရိုးရေကို သောက်တာထက် လက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်ဖြစ်အောင် အကျင့်လုပ်ပေးသွားမယ်ဆို ကျန်းမာရေးကို ပိုပြီးကောင်းမွန်လာစေမှာပါ။


I am extremely inspired along with your writing talents and also with the layout for your weblog. Is this a paid topic or did you modify it your self? Anyway keep up the excellent high quality writing, it’s uncommon to peer a nice weblog like this one today!