ရောဂါကြောင့်မဟုတ်သော မွေးကင်းစကလေး အသားဝါခြင်း

မွေးကင်းစကလေးတွေမှာ ရောဂါကြောင့်မဟုတ်ဘဲနဲ့ ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအားနည်သေးတာကြောင့် အသားဝါခြင်းကို ခံစားရနိုင်ပါတယ်။
သွေးထဲမှာရှိတဲ့ Bilirubin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးက ရှိသင့်တဲ့ပမာဏထက်များလာတဲ့အခါ အသားအရောင်ဟာ အဝါရောင်ပြောင်းလာပါတယ်။
အရမ်းများလွန်းလာရင် မျက်လုံး အဖြူသားတွေအထိ ဝါလာပါတယ်။ ဒါဆိုရင်တော့ စိုးရိမ်စရာအခြေအနေတစ်ခုလို့ပြောလို့ရပါတယ်။

Bilirubin ဆိုတဲ့ဓာတ် ဘယ်ကလာသလဲ?
သွေးထဲကသွေးနီဥတွေ ပြိုကွဲပျက်စီးသွားတဲ့အခါ Bilirubin ဆိုတဲ့ဓာတ်က ထွက်လာပါတယ်။ မွေးကင်းစကလေးတွေမှာ လူကြီးတွေနဲ့မတူတာက သွေးနီဥတွေကို မြန်မြန်ထုတ်ပြီး မြန်မြန်ပြိုကွဲပစ်တာပါပဲ။ အဲ့ဒီအခါမှာ သာမာန်ထက်ပိုတဲ့ Bilirubin တွေက ကလေးရဲ့သွေးမှာများလာတော့တာပါပဲ။

ပုံမှန်အားဖြင့် ထွက်လာတဲ့ Bilirubin တွေကို အသည်း စစ်ထုတ်ပြီး အူထဲကို ပြန်လည်စွန့်ထုတ်ပစ်ပေးပါတယ်။ မွေးကင်းစကလေးမှာကျ အသည်းက အပြည့်အဝစစ်ထုတ်ချေဖျက်မပေးနိုင်ပါဘူး။ အဲ့ဒီမှာပဲ Bilirubin ကပိုထွက်၊ အသည်းကလည်း မချေဖျက်နိုင်ဖြစ်ပြီး အသားဝါတဲ့အဆင့်ကို ရောက်ရှိလာရတော့တာပါပဲ။

အများအားဖြင့် မွေးပြီး (၂) ရက်ကနေ (၃) ရက်မြောက်လောက်မှာ ကလေးအသားဝါခြင်းကို တွေ့ရှိရတတ်ပါတယ်။

ဒီလိုတွေ့ရှိလာရတယ်ဆိုရင် ရောဂါပိုးဝင်ခြင်းကြောင့် ဝါတာဟုတ်၊ မဟုတ်သေချာစွာစစ်ဆေးပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင် ပျောက်ကင်းသက်သာနိုင်မှာဖြစ်လို့ စိုးရိမ်စိတ်မလွန်ဘဲ ဖြစ်လာခဲ့ရင် စနစ်တကျကုသဖို့ တိုက်တွန်းလိုက်ပါရစေ။

Leave a Comment

Your email address will not be published. Required fields are marked *

Shopping Cart