အစာမကြေဖြစ်ခဲ့ရင် ဘာဆေးတွေ သောက်လို့ ရမလဲ

Antacids က ရင်ပူတာ၊ အစာမကြေတာတွေကို သက်သာစေနိုင်ပါတယ်။ ရင်ပူတာကို ဖြစ်စေနိုင်တဲ့ အစာခြေအက်ဆစ်ကို ဓာတ်ပြယ်စေပါတယ်။ ပုံမှန်အတိုင်း ဆေးစာမလိုဘဲ ဝယ်ယူလို့ရတဲ့ Antacids ဆေးတွေမှာ

  • Aluminium hydroxide
  • Magnesium hydroxide တို့ပါဝင်နေပါတယ်။

Histamine-2 (H2) blockers

H2 blockersကလည်း အစာအိမ်က အက်ဆစ် ထုတ်လုပ်မှုကို လျှော့ချပေးပြီး ရင်ပူတာကို သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။ ဆေးသောက်ပြီး ၁ နာရီကနေ ၃ နာရီအတွင်းမှာ ဆေးအာနိသင်ကို စရမှာပါ။ ဒီဆေးတွေက အစာခြေအက်ဆစ် ထွက်ရှိမှုကို နာရီပေါင်း အတော်ကြာ ချိန်ညှိပေးမှာပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာက အစာခြေအက်ဆစ် ထွက်ရှိမှုကို လျှော့ချပေးတဲ့ ဆေးတွေက အခြားဆေးတွေနဲ့ ဓာတ်ပြုနိုင်တဲ့အချက်ပါ။ ဒါကြောင့် H2 blockersကို မသောက်ခင်မှာ ဆေးညွှန်းကို သေချာလေး ဖတ်ဖို့ လိုပါမယ်။

များသောအားဖြင့် OTC H2-blockers တွေမှာ

  • Cimetidine
  • Famotidine
  • Nizatidine တို့ ပါဝင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Shopping Cart